အမဖြစ်သူ စန္ဒီမြင့်လွင်ရဲ့မွေးနေ့လေးအတွက် အမှတ်တရပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ စိုးပြည့်သဇင်

0
172

ပရိသတ်ကြီးရေ ဒီနေ့ သြဂုတ်လ (၁၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့ မွေးနေ့ရက်လေးမှာတော့ ပရိသတ်အချစ်တော် စန္ဒီမြင့်လွင်က အသက် (၃၄)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ရဲ့ မွေးနေ့လေးအတွက်ကိုတော့ ညီမဖြစ်သူ စိုးပြည့်သဇင်ကလည်း သတိတရနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။ စိုးပြည့်လေးက အမဖြစ်သူ စန္ဒီမြင့်လွင်နဲ့ ရိုက်ကူးထားတဲ့ ငယ်ဘဝကအမှတ်တရပုံလေးနဲ့ “Happy birthday မမဒီရေ…..မွေးနေ့ကစလို့ချစ်တဲ့မိသားစုနဲ့အတူတူအမြဲပျော်ရွှင်အေးချမ်းပါစေ…” လို့ မွေးနေ့ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်လည်း လိုအင်ဆန္ဒတွေပြည့်ဝပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို သက်ဆုံးတိုင်ပိုင်ဆိုင်နိုင်ပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း စန္ဒီမြင့်လွင်ရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here