အဘိုးဖြစ်သူက အလှူလေးလုပ်ချင်တာကြောင့် ဝမ်းကွဲမောင်လေးနှစ်ယောက်ကို ရှင်ပြုပေးလိုက်တဲ့ အေးမြဖြူ

0
188

အေးမြဖြူကတော့ Myanmar Idol season -4ကနေပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး ကြော်ငြာ တွေနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာပါ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

သူကတော့ မကြာသေးမီကလည်း “လွမ်းနေလို့” ဆိုတဲ့ သီချင်းသစ်လေးထွက်ရှိထားပါတယ်။ယနေ့မှာတော့ အေးမြဖြူဟာ အဘိုးဖြစ်သူက အလှူလေးလုပ်ချင်တာကြောင့် ဝမ်းကွဲမောင်လေးနှစ်ယောက်ကို ရှင်ပြုပေးလိုက်တဲ့အကြောင်းကို “ဘိုးဘိုးကြီးက အလှူလုပ်ချင်တယ်ဆိုလို့ ဒီနေ့ ဝမ်းကွဲမောင်လေးနှစ်ယောက်ကို ရှင်ပြုပေးပါတယ် သာဓုပါကိုရင်လေးတို့ ဘိုးဘိုးကြီးလည်းကုသိုလ်တွေများကြီးရပြီး ကျန်းမာမှာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်မှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် အဆိုတော်အေးမြဖြူကတော့ အဘိုးဖြစ်သူက အလှူလေးလုပ်ချင်တာကြောင့် အဘိုးဖြစ်သူကုသိုလ်တွေများကြီးရပြီး ကျန်းမာအောင် ဝမ်းကွဲမောင်လေးနှစ်ယောက်ကို ရှင်ပြုပေးလိုက်ပါတယ်တဲ့နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here