အချစ်ကြောင့် အပြားကားရိုက်ကူးတာကို ရပ်နားဖို့ စဉ်းစားနေတဲ့ နာမည်ကြီးအပြာမယ်

0
30355

လူကြီးကားတွေရိုက်တဲ့ အပြာမယ် တော်တော်များများဟာ သူတို့ဘဝ ရှင်သန်ရပ်တည်နိုင်မှုအတွက် လူကြီးကားတွေကို ရိုက်နေရကြတာပါ။ ပျော်လွန်းလို့ ရိုက်နေတဲ့ အပြာမယ်ဆိုတာ ရှားပါတယ်။ များသောအားဖြင့် လူကြီးကားသရုပ်ဆောင်တွေဟာ သူတို့စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ လူကြီးကားတွေကို ဇာတ်လမ်းဇာတ်ညွှန်းတွေအတိုင်း သရုပ်ဆောင်ပီပြင်စွာနဲ့ ရိုက်နေရတာပါ။ အခုလည်း လူကြီးကားတွေရဲ့ နာမည်ကြီးအပြာမယ်တစ်ဦးဟာ ဒီလိုလူကြီးကားရိုက်တဲ့ လောကထဲကို ပြန်ဝင်ဖို့အတွက် တော်တော်လေးစဉ်းစားပြီး မသေမချာဖြစ်နေကြောင်း Dailystar.co.uk သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

သူမကတော့ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အပြာမယ် Riley Reid ပဲ ဖြစ်ပါတယ်။ Riley ဟာ လက်ရှိ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်အတွင်း သူမရဲ့ နေအိမ်မှာတစ်ယောက်တည်းနေပြီး အချိန်တွေကို ကုန်ဆုံးနေရသူတစ်ယောက်ပါ။ COVID 19 ကပ်ရောဂါကာလအတွင်းမှာလည်း လူကြီးကားရိုက်ကူရေးတွေကို အကုန်နားထားပြီး အေးအေးဆေးဆေး နေနေတဲ့ အပြာမယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူမဟာ အခြားသူစိမ်းယောက်ျားလေးတစ်ယောက်ကို ဒီအတိုင်းနမ်းရမယ့် ကိစ္စကိုတောင်မှ မသတီတော့ကြောင့် ဖွင့်ပြောလာခဲ့ပါတယ်။

“COVID 19 ကပ်ရောဂါကာလအတွင်း အိမ်မှာနေနေတဲ့ တောက်လျှောက် ဒီကိစ္စကို သေသေချာချာ စဉ်းစားဖြစ်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ဒီလောကထဲကို ပြန်မဝင်ချင်လောက်အောင် ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ကျွမ်းကျင်တဲ့ အလုပ်ကလည်း ဒီအလုပ်ပဲဆိုတော့ သေသေချာချာ စဉ်းစားနေပါတယ်။ ပြီးတော့ COVID 19 ကပ်ရောဂါကာလအတွင်းမှာ ကျွန်မတော်တော် အထီးကျန်ပါတယ်။

ကျွန်မကို တစ်ကယ်ချစ်နိုင်ပြီး ဂရုစိုက်နိုင်မယ့် ချစ်သူတစ်ယောက်ကိုလည်း ကျွန်မ လိုချင်မိပါတယ်။ (၆)လလောက် ကြာအောင် ဘယ်သူနဲ့ ထိတွေ့မှုမရှိပဲ နေခဲ့တာ။ ကျွန်မ ချစ်လို့ ရွေးချယ်ထားတဲ့ ယောကျာ်းတစ်ယောက်ကို အရင် မနမ်းပဲ အလုပ်သဘောအရ ယောကျာ်းတစ်ယောက်နဲ့ ပလူးပလဲ လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”လို့ Riley က ပြောကြားခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here