သူမကိုယ်တိုင်တောင်မထင်မှတ်ထားတဲ့ ပရိသတ်တစ်ယောက်ရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့တဲ့ နွယ်နွယ်ထွန်း

0
489

နွယ်နွယ်ထွန်းကတော့ သာမန်model လေးတစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲဝင်ရောက်လာခဲ့ပေမယ့် သူမရဲ့ကြိုးစားမှုတွေကြောင့် အခုအချိန်မှာတော့ အားပေးသူပရိသတ်အခိုင်အမာရရှိလာတဲ့ အနုပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။သူမဟာ ပြုံးလိုက်တိုင်းလှတဲ့ မိန်းမလှလေးတစ်ဦးလည်းဖြစ်တာကြောင့် နွယ်နွယ်ထွန်းဆိုတဲ့အသံကြားတာနဲ့ အားပေးဖို့အသင့်ဖြစ်နေတဲ့ ပရိသတ်တွေလည်းများစွာရှိနေတာတွေ့ရပါတယ်။

သူမရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေက ပရိသတ်တွေရဲ့နှလုံးသားထဲကို တဖြေးဖြေးဝင်ရောက်လာနိုင်တာနဲ့အမျှ လက်ရှိအချိန်မှာ အရေပြားပေါ်မှာ သူမရဲ့ပုံရိပ်ကို ဆေးစက်ချရေးဆွဲထားရလောက်အောင် သူမကိုချစ်တဲ့ပရိသတ်တွေကိုလည်းပိုင်ဆိုင်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

နွယ်နွယ်ထွန်းအနေနဲ့လည်း ကိုယ်နဲ့မသိတဲ့ လူတစ်ယောက်ရဲ့ အရေပြားပေါ်မှာ ကိုယ့်ပုံတူးလေးရှိနေတာ ရင်ထဲမှာတစ်မျိုးကြီး ခံစားရတယ်ဆိုတဲ့စကားလေးကို ဖွင့်ဟလာခဲ့ပါတယ်။

လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း နွယ်နွယ်ထွန်းရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တော်တော်များများကြားမှာ ရေပန်းစားလှသလို သူမရဲ့အလှကို ချစ်ခင်မြတ်နိုးတဲ့ ပရိသတ်တွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်။နွယ်နွယ်ထွန်းအနေနဲ့လည်း သူမကိုအားပေးချစ်ခင်တဲ့စိတ်နဲ့ အခုလိုအရေပြားပေါ်မှာ သူမရဲ့ပုံတူကို ဆေးစက်ချရေးဆွဲထားတဲ့ ပရိသတ်တစ်ယောက်ကိုတွေ့ရှိခဲ့ရတဲ့အတွက် အရမ်းပဲဝမ်းသာပီတီဖြစ်ရမယ်လို့ထင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here