သိန်းထောင်ကျော်တန်ကားတွေ ပထမဆုံး Live လွှင့်ပြီးရောင်းတဲ့နေ့မှာတင် ကား ၇ စီးရောင်းထွက်ခဲ့တဲ့ ထက်ထက်မိုးဦး

Posted on

ပရိသတ်ကြီးရေ ကြော်ငြာဘုရင်မလို့ နာမည်ကြီးခဲ့တဲ့ ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေ ရပ်နားထားတဲ့အချိန်မှား အွန်လိုင်းကနေတဆင့် အနုပညာကြေးယူကာ စိန်ရွှေရတနာတွေကို Live လွှင့်ပြီး ရောင်းချပေးနေတာပါ ။ လတ်တလောမှာတော့ ထပ်တိုးအနေနဲ့ ကားအမျိုးမျိုးကိုပါ Live ကနေတဆင့်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ် ။

ထက်ထက်က မိုးကုတ်သူဆိုတော့ ရတနာတွေ ကြိုက်တယ် ပြီးရင် အိမ်တစ်ခုလို လုံခြုံမှုပေးပြီး လိုရာခရီးပို့ပေးနိုင် သွားနိုင်တဲ့ ကားတွေကို နှစ်သက်တဲ့အတွက် live လွင့်ပြီး Marcedes ၊ BMW ၊ Lexus ၊ Range Rover တွေကစလို့ ကားတံဆိပ်အမျိုးမျိုးကိုပြပြီး ရောင်းချသွားမှာဖြစ်ပြီး ဝယ်တဲ့ကားတွေကိုလည်းသူမ ကိုယ်တိုင် အိမ်ရှေ့ထိရောက်အောင် လာပို့ပေးမယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တဆင့် မျှဝေပေးခဲ့ပါတယ် ။

ထက်ထက် ကတော့ ဒီနေ့ YP7 Company Limited live sale မှာ YP 7 ဆိုတဲ့ အတိုင်း lucky ဂဏာန်း ကား ၇ စီး ရောင်းချခဲ့ရပြီး ၄ စီးကတော့ စရံဝင်သွားပါပြီတဲ့ ပရိသတ်ကြီးရေ ..။ အားပေးကြသူအားလုံးကို လည်း YP 7 ကရော ထက်ကရော ကျေးဇူးတင်တင်တဲ့အကြောင်းနဲ့ သူမ ကို ယုံကြည်ပြီး အနယ်နယ် အရပ်ရပ် ဝယ်ပေးကြတဲ့အတွက် ဝမ်းသာရကြောင်းကို လည်း ရေးသားဖော်ပြခဲ့ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *