မုဆိုးမမိခင်နှင့် မီးမရှိတဲ့ရွာမှာနေပြီး မြန်မာနိုင်ငံ သမိုင်းမှာမရှိဘူး‌သေးတဲ့ ၆ဘာသာဂုဏ်ထူးရှင် မောင်ဝေယံလင်းကျော်
0
491
Unicode
မြန်မာနိုင်ငံ သမိုင်းမှာမရှိဘူး‌သေးတဲ့ ဝိဇ္ဇာဘာသာတွဲ၊ ၆ဘာသာဂုဏ်ထူး၊ အမှတ်ပေါင်း ၅၂၀ နှင့် ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်း​အောင် ဝိဇ္ဇာဘာသာတွဲ
အမှတ်အများဆုံး Top 1 ကို ချင်းတိုင်းရင်းသားလေး မောင်ဝေယံလင်းကျော်၊ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှ ၁၆မိုင်​ဝေးတဲ့ ​ရေနံ​တောင်​ကျေးရွာ ကဆွတ်ခူးရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်သလို၊ အထူးသဖြင့် ချင်းလူမျိုးအတွက် သူရဲကောင်းတစ်ဦး မွေးဖွားလာတာဖြစ်ပါတယ်။
သူငယ်ငယ်တုန်းက သူ့ဖခင် မြွေကိုက်လို့ဆုံးပါးခဲ့ပြီး၊ မုဆိုးမမိခင်နှင့် နေရပါတယ်။ မီးမရှိတဲ့ရွာမှာနေပြီး၊ ခုထိ တယ်လီဖုန်းတောင်မရှိပါ။
တို့ချင်းတိုင်းရင်းသားများ သူ့ဖခင်နေရာမှာ နေပေးကြရင်မကောင်းဘူးလား။ သူတာဝန်ကျေခဲ့ပြီ။
တို့လည်းတာဝန်ယူကြပါစို့လားခင်ဗျား။ ချင်းပြည်နယ် ကုန်သည်စက်မှုအသင်းနှင့် ဆက်သွယ်ပေးကြပါခင်ဗျား။
သတင်းစုံပြောပြပေးသော မြန်မာ့အသံက မမြသင်းကို ကျေးဇူးတင်ပါတယ်။ 09779370345 ဆရာမကြီး ​ဒေါ်ကြည်ကြည်စိန် ကနေလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျား။
crdKap Khen Pau
LEAVE A REPLY
Please enter your comment!
Please enter your name here