နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ပရဟိတအလုပ်တွေလုပ်ကိုင်ခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို ဝေမျှလိုက်တဲ့ မေမြင့်မိုရ်

0
156

ပရိသတ်အချစ်တော်လေး မေမြင့်မိုရ်ကတော့ MRTV4ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။သူကတော့ ကာရိုက်တာတိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။

မေမြင့်မိုရ်ကတော့ ဘာသာတရားကိုင်ရှင်ကာ အလှူအတန်းတွေပြုလေ့ရှိပြီး ပရဟိတလုပ်ငန်းတွေကို မကြာခဏလုပ်ကိုင်လေ့ရှိပါတယ်။ သူကတော့ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ ကျော်သူဦးစီးလုပ်ကိုင်တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ယနေ့မှာတော့ အနုပညာအလုပ်တွေအားလပ်တုန်း ပရဟိတအလုပ်တွေလုပ်ကိုင်ခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို “ဦးမောင်နဲ့အတူ တစ်နေ့တာနာရေးကုသိုလ်” ဆိုပြီးသူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော်မင်သမီးချောလေး မေမြင့်မိုရ်ကိုချစ်တဲ့ ပရိသတ်တေါကတော့ အခုလို စိတ်သဘောထားဖြူစင်ပြီး ပရဟိတအကျိုးတွေသယ်ပိုးနေတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပေနေတာကြောင့် ပိုမိုအချစ်ပိုနေရပါပြီတဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here