ကိုလေးဖြူကြောင့် မြန်မာစကားကို ပိုမိုစိတ်ဝင်စားလာခဲ့တယ်လို့ ပြောပြလာတဲ့ နယ်သာလန်နိုင်ငံသူလေး မာယာ

0
956

နယ်သာလန်သူလေးမာယာကတော့ မြန်မာသီချင်းတွေကို သူမရဲ့ အသံချိုချိုလေးနဲ့ ပြန်လည်သီဆိုရာကနေ ပရိသတ်တွေကြားရေပန်းစားနေခဲ့တာပါ သူမပြန်လည်သီဆိုခဲ့တဲ့ Cover Song လေးတွေဟာလည်း ပရိသတ်ရင်ထဲရောက်ရှိခဲ့တာပါ

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မာယာက နာမည်ကျော်အဆိုတော်ကိုလေးဖြူကြောင့် မြန်မာစကားကို ပိုမိုစိတ်ဝင်စားလာခဲ့တယ်လို့ဆိုပါတယ် သူမဟာ ကိုလေးဖြူရဲ့ ယုံကြည်ရာသီချင်းလေးကိုလည်း သူမအသံနဲ့ ပြန်လည်သီဆိုထားခဲ့ပါသေးတယ်

မာယာက “မြန်မာစကားကို စပြီးလေ့လာတော့ အွန်လိုင်းမှာစပြီးလေ့လာတော့ ပုဂံဘုရားပုံတွေတွေ့ပြီးတကယ်ကို Wow ခနဲဖြစ်ရလောက်အောင် အံ့ဩသဘောကျခဲ့ပါတယ် နောက်မြန်မာပြည်နဲ့ပတ်သတ်တာတွေ သုတေသမလုပ်တယ် အဲ့မှာလေးဖြူတွေ့တယ် ကျွန်မအသက် ၁၈နှစ်ပဲရှိသေးတယ် ငယ်ငယ်လေးပေါ့ သူ့ရဲ့ယုံကြည်ရာ သီချင်းကို စနားထောငိရတော့ တော်တော်ကြိုက်သွားပြီး မြန်မာစကားကို ပိုလေ့လာဖြစ်ခဲ့ပါတယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ်

“လေးဖြူနဲ့လည်းအပြင်မှာ တွေ့ချင်ပါတယ် ယေမိတ်ဆက်စကားလည်းပြောချင်တယ် တွေ့ခွင့်ရရင်ပေါ့ သူဆိုတဲ့သီချင်းဟာ တကယ့်ကို စိတ်ဓာတ်တက်ကြွစရာဖြစ်ပြီး လူသားတွေကို အကျိုးပြုတယ်ဆိုတာလည်းပြောပြချင်ပါတယ်” လို့မာယာ ဆက်လက်ပြောပြသွားခဲ့တာပါ ပရိသတ်ကြီးရေ

ဒါကတော့ လေးဖြူကို YouTube ကနေတဆင့်စတင်သိရှိရာကနေ မြန်မာစကားကို ပိုမိုလေ့လာဖြစ်ခဲ့တဲ့အကြောင်း မာယာကပြောပြခဲ့တာပဲဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ လူပြောများနေတာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နော်

LEAVE A REPLY

Please enter your comment!
Please enter your name here